၁၁ ဗင်ယာမိန်အနွယ်က မိသားစုတွေအလိုက် အရင်ဆုံး မဲကျတယ်။ သူတို့ရဲ့နယ်မြေက ယောသပ်အနွယ်နဲ့+ ယုဒအနွယ်+ ကြားမှာ ရှိတယ်။ ၁၂ သူတို့ရဲ့ မြောက်ဘက်နယ်နိမိတ်က ဂျော်ဒန်မြစ်ကနေစပြီး မြောက်ဘက်မှာရှိတဲ့ ယေရိခေါတောင်စောင်း၊+ အဲဒီကနေ အနောက်ဘက် တောင်တန်းကို ဆက်တက်သွားပြီး ဗေသဝင်တောကန္တာရအထိ ရောက်တယ်။+