-
၁ ရှမွေလ ၁၅:၂၂၊ ၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ ရှမွေလက “ယေဟောဝါဘုရားက မိမိရဲ့စကားကို နာခံတာထက် မီးရှို့ရာအလှူတွေ၊ ပူဇော်သက္ကာတွေကို ပိုနှစ်သက်ပါ့မလား။+ ယေဟောဝါဘုရားကို နာခံတာဟာ ပူဇော်သက္ကာထက် ပိုကောင်းတယ်။+ အာရုံစိုက် နားထောင်တာကလည်း သိုးထီးရဲ့အဆီထက် ပိုကောင်းတယ်။+ ၂၃ ပုန်ကန်တာဟာ+ နတ်ဆိုးအတတ် လိုက်စားတဲ့ အပြစ်နဲ့ အတူတူပဲ။+ ရောင့်တက်တာဟာ မှော်အတတ်လိုက်စားတာ၊ ရုပ်တု* ကိုးကွယ်တာနဲ့ အတူတူပဲ။ မင်းက ယေဟောဝါဘုရားရဲ့ စကားကို ပစ်ပယ်တဲ့အတွက်+ ကိုယ်တော်ကလည်း မင်းကို ဘုရင်အဖြစ်ကနေ ပယ်လိုက်ပြီ”+ လို့ပြောတယ်။
-