-
၁ ရှမွေလ ၂:၁၄-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ အိုးတွေထဲမှာ ထည့်ပြုတ်ထားတဲ့ အသားတုံးကို ခက်ရင်းနဲ့ထိုးပြီး ပါလာသမျှကို ပုရောဟိတ်အတွက် ယူသွားတတ်တယ်။ ရှိလောမြို့ကိုလာတဲ့ အစ္စရေးတွေကို အဲဒီလိုပဲ လုပ်လေ့ရှိတယ်။ ၁၅ ဒါ့အပြင် ပူဇော်သူက အဆီတွေ မီးမရှို့ရသေးခင်မှာ+ ပုရောဟိတ်ရဲ့ နောက်လိုက် ရောက်လာပြီး “ပုရောဟိတ်အတွက် အသားကင်ပေးချင်လို့ အသားစိမ်းတွေ ပေးစမ်း။ ပြုတ်ပြီးသား မလိုချင်ဘူး” ဆိုပြီး ပြောတတ်တယ်။ ၁၆ ပူဇော်သူက “အဆီတွေကို အရင်ဆုံး မီးရှို့လိုက်ဦးမယ်။+ ပြီးမှ ခင်ဗျားတို့ စားချင်တဲ့အပိုင်းကို ယူသွားပါ” လို့ပြောတဲ့အခါ “မရဘူး။ အခုချက်ချင်းပေး။ မပေးရင် လုမှာပဲ” ဆိုပြီး ပြောတတ်တယ်။
-