-
၁ ရာဇဝင်ချုပ် ၁၄:၁၀-၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ အဲဒီအခါ ဒါဝိဒ်က “ဖိလိတိတွေဆီ တက်သွားပြီး တိုက်ခိုက်ရမလား။ ကျွန်တော့်လက်ထဲ အပ်မှာလား” ဆိုပြီး ယေဟောဝါကိုမေးတော့ “တက်သွား။ သူတို့ကိုမင်းလက်ထဲငါဆက်ဆက်အပ်မယ်” လို့ဖြေတယ်။+ ၁၁ ဒါဝိဒ်လည်း ဗာလပေရဇိမ်အရပ်ကို+ တက်သွားပြီး သူတို့ကို ချေမှုန်းတယ်။ အဲဒီနောက် “အဟုန်ပြင်းပြင်းနဲ့ ဖြိုခွင်းတဲ့ရေလို စစ်မှန်တဲ့ဘုရားသခင်က ငါ့ကိုသုံးပြီး ရန်သူတွေကို ဖြိုခွင်းလိုက်ပြီ” လို့ပြောတယ်။ ဒါကြောင့် အဲဒီအရပ်ကို ဗာလပေရဇိမ်* ဆိုပြီး သမုတ်ကြတယ်။ ၁၂ ဖိလိတိတွေက သူတို့ရဲ့ ဘုရားရုပ်တုတွေကို အဲဒီအရပ်မှာ ထားရစ်ခဲ့တယ်။ ဒါဝိဒ်ရဲ့အမိန့်နဲ့ အဲဒီဘုရားရုပ်တုတွေကို မီးရှို့လိုက်ကြတယ်။+
-