-
၁ ရာဇဝင်ချုပ် ၁၉:၁-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ နောက်တော့ အမ္မုန်ဘုရင်နေဟက် ကွယ်လွန်သွားပြီး သူ့သား နန်းတက်လာတယ်။+ ၂ ဒါဝိဒ်က “နေဟက်မင်းက ငါ့ကို ခိုင်မြဲတဲ့မေတ္တာ ပြခဲ့တဲ့အတွက်+ ငါလည်း သူ့သားဟာနုန်ကို ခိုင်မြဲတဲ့မေတ္တာပြမယ်” ဆိုပြီး ဖခင်ကွယ်လွန်လို့ ဝမ်းနည်းနေတဲ့ ဟာနုန်ကို နှစ်သိမ့်စကား ပြောကြားဖို့ တမန်တွေ စေလွှတ်လိုက်တယ်။ ဒါဝိဒ်ရဲ့တမန်တွေ အမ္မုန်ပြည်ကို+ ရောက်လာတဲ့အခါ၊ ၃ အမ္မုန်မှူးမတ်တွေက “ဒါဝိဒ်က ခမည်းတော်ကို လေးစားတဲ့အနေနဲ့ တမန်တွေ လွှတ်ပြီး နှစ်သိမ့်ပေးတာလို့ မင်းကြီး ထင်နေပါသလား။ တကယ်တော့ တိုင်းပြည်ကို ဖျက်ဆီးဖို့ တမန်တွေလွှတ်ပြီး ထောက်လှမ်းခိုင်းလိုက်တာပါ” လို့ ဟာနုန်မင်းကို လျှောက်တင်တယ်။ ၄ ဒါကြောင့် ဟာနုန်က ဒါဝိဒ်ရဲ့တမန်တွေကို ဖမ်းဆီးပြီး မုတ်ဆိတ်မွေးကိုရိတ်၊+ ဝတ်ရုံကို တင်ပါးအထိဖြတ်ပြီး ပြန်လွှတ်လိုက်တယ်။ ၅ ဒီသတင်းကို ဒါဝိဒ်ကြားတာနဲ့ တမန်တွေဆီ လူလွှတ်ပြီး ကြိုခိုင်းလိုက်တယ်။ သူတို့ အကြီးအကျယ် အရှက်ခွဲခံလိုက်ရတာကိုး။ ဒါဝိဒ်က “မင်းတို့ မုတ်ဆိတ်တွေ ပြန်ရှည်လာတဲ့အထိ ယေရိခေါမြို့မှာ နေကြ။+ ပြီးမှ ပြန်လာခဲ့ကြပါ” လို့မှာလိုက်တယ်။
-