-
ယောရှု ၇:၂၄-၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ ယောရှုနဲ့ အစ္စရေးတွေက ဇေရသား အာခန်ကို+ ငွေ၊ ဝတ်လုံ၊ ရွှေချောင်း၊+ သားသမီး၊ နွား၊ မြည်း၊ သိုး၊ သူ့တဲ၊ သူပိုင်ဆိုင်သမျှတွေနဲ့အတူ အာခေါ်ချိုင့်ဝှမ်းဆီ+ ခေါ်ထုတ်သွားကြတယ်။ ၂၅ ယောရှုက “ငါတို့ ဘေးဒုက္ခရောက်အောင် ဘာလို့လုပ်တာလဲ။+ ဒီနေ့ ယေဟောဝါဘုရားက မင်းကို ဒုက္ခရောက်စေမယ်” လို့ပြောတယ်။ ပြီးတာနဲ့ အစ္စရေးတွေက သူတို့ကို ကျောက်ခဲနဲ့ ပေါက်သတ်ပြီး+ မီးရှို့လိုက်တယ်။+ ဒီနည်းနဲ့ သူတို့အားလုံးကို ကျောက်ခဲနဲ့ ပေါက်သတ်ကြတယ်။ ၂၆ ပြီးတော့ သူ့အပေါ်မှာ ကျောက်ပုံကြီး ပုံထားလိုက်တယ်။ အဲဒီကျောက်ပုံဟာ ဒီနေ့အထိ ရှိနေတုန်းပဲ။ အဲဒီအခါမှပဲ ယေဟောဝါ အမျက်ပြေသွားတယ်။+ ဒါကြောင့် အဲဒီနေရာက အာခေါ်* ချိုင့်ဝှမ်းဆိုပြီး ဒီနေ့အထိ နာမည်တွင်သွားတယ်။
-