ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယောရှု ၁၅:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ ယုဒအနွယ်ရဲ့ မိသားစုတွေ မဲကျပြီးရတဲ့ နယ်မြေက+ ဧဒုံပြည်နယ်စပ်အထိ၊+ ဇိနတောကန္တာရနဲ့ နေဂပ်အရပ် တောင်ဘက်စွန်းအထိ ကျယ်ပြန့်တယ်။

  • ယောရှု ၁၅:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ ပြီးတော့ ဟိန်နုံသားရဲ့ချိုင့်ဝှမ်းကို၊*+ တောင်ဘက်မှာရှိတဲ့ ဂျေရုဆလင်မြို့တည်ရာ+ ယေဗုသိတောင်စောင်းကို+ ဆက်သွားတယ်။ အဲဒီကနေ ဟိန်နုံချိုင့်ဝှမ်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်ထိပ်ကို တက်သွားတယ်။ အဲဒီတောင်က ရေဖိမ်ချိုင့်ဝှမ်းရဲ့ မြောက်ဘက်စွန်းမှာ ရှိတယ်။

  • ၂ ရှမွေလ ၅:၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ နောက်ပိုင်းမှာ ဖိလိတိလူတွေ ပြန်ရောက်လာပြီး ရေဖိမ်ချိုင့်ဝှမ်းတစ်ကြောမှာ နေရာယူကြတယ်။+

  • ၁ ရာဇဝင်ချုပ် ၁၁:၁၅-၁၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ ဖိလိတိတပ်က ရေဖိမ်ချိုင့်ဝှမ်းမှာ+ စခန်းချနေတဲ့အခါ  ခေါင်းဆောင် ၃၀ ထဲက သုံးယောက်ဟာ ဒါဝိဒ်ရှိတဲ့ အဒုလံလိုဏ်ဂူကို+ ဆင်းသွားကြတယ်။ ၁၆ ဒီအချိန်မှာ ဒါဝိဒ်က သူ့ရဲ့ခံတပ်မှာ ရောက်နေပြီး ဖိလိတိမြို့စောင့်တပ်ကတော့  ဘက်သလီဟင်မြို့မှာ  ရှိနေတယ်။ ၁၇ ဒါဝိဒ်က  “ဘက်သလီဟင်မြို့+ တံခါးနားမှာရှိတဲ့ ရေလှောင်ကန်ထဲက ရေကို သောက်ချင်လိုက်တာ” လို့ တောင့်တပြီးပြောတယ်။ ၁၈ အဲဒီအခါ သူရဲကောင်းသုံးယောက်က ဖိလိတိတပ်ကို ထိုးဖောက်ပြီး ဘက်သလီဟင်မြို့ တံခါးနားမှာရှိတဲ့ ရေလှောင်ကန်ထဲက ရေကို ခပ်ယူလာတယ်။ ဒါပေမဲ့ ဒါဝိဒ်က မသောက်ဘဲ ယေဟောဝါရှေ့မှာ သွန်ချလိုက်တယ်။ ၁၉ “ဘုရားသခင်ရဲ့ရှုထောင့်ကနေ ကြည့်ရင် ဒီရေကိုသောက်ဖို့ ကျွန်တော် စဉ်းတောင် မစဉ်းစားဝံ့ပါဘူး။ သူတို့က အသက်ကို ရင်းပြီး ဒီရေကို ယူလာခဲ့တာ။ အဲဒီလို အသက်ကိုရင်းပြီး စွန့်စားခဲ့သူတွေရဲ့ သွေးကို ငါမသောက်ဘူး”+ လို့ပြောပြီး မသောက်ဘဲ နေလိုက်တယ်။ ဒါတွေဟာ သူရဲကောင်း သုံးယောက်ရဲ့ စွမ်းဆောင်ချက်တွေပဲ။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ