၈ လက်အောက်ခံ ပြည်သူပြည်သားတွေဟာ ပင်လယ်တစ်ပြင်ကနေ တစ်ပြင်အထိ၊
မြစ်ကြီး ကနေ မြေကြီးစွန်းအထိ ရှိကြလိမ့်မယ်။+
၉ ကန္တာရမှာ နေထိုင်သူတွေ မင်းကြီးကို ဦးညွှတ်လိမ့်မယ်။
မင်းကြီးရဲ့ရန်သူတွေ မြေမှုန့်ကို လျက်ရလိမ့်မယ်။+
၁၀ တာရှိပြည်နဲ့ ကျွန်းနိုင်ငံတွေရဲ့ ဘုရင်တွေ ဆက်ကြေးပေးလိမ့်မယ်။+
ရှေဘဘုရင်နဲ့ သေဘဘုရင်ကလည်း လက်ဆောင်ပဏ္ဏာ ဆက်သလိမ့်မယ်။+