-
တရားသူကြီး ၉:၄-၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ ပြီးတော့ ဗာလဗေရိတ်ရဲ့+ ဘုရားကျောင်းကနေ ငွေစ ၇၀ ယူပြီး ပေးလိုက်တော့ အဘိမလက်က အလုပ်လက်မဲ့ဖြစ်နေတဲ့ လူရမ်းကားတွေကို အဲဒီငွေနဲ့ငှားပြီး သူ့နောက် လိုက်ခိုင်းတယ်။ ၅ အဲဒီနောက် သြဖရမြို့က+ ဖခင်ယေရုဗာလရဲ့အိမ်ကို သွားပြီး သူ့ညီအစ်ကို ၇၀ ကို ကျောက်ဖျာပေါ်မှာ သတ်ပစ်တယ်။+ ယေရုဗာလရဲ့ သားထွေး ယောသံတစ်ယောက်ပဲ ပုန်းနေလို့ လွတ်သွားတယ်။
၆ ရှေခင်မြို့ရဲ့ခေါင်းဆောင်တွေ၊ ဗက်မိလောခံတပ်မှာ နေထိုင်သူတွေက ရှေခင်မြို့မှာရှိတဲ့ အပင်ကြီးနားက ကျောက်တိုင်မှာ စုရုံးပြီး အဘိမလက်ကို မင်းမြှောက်ကြတယ်။+
-
-
၁ ဘုရင်များ ၁:၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ ဒီလိုမှ မမိန့်ကြားခဲ့ရင် အရှင်မင်းကြီး ကွယ်လွန်သွားတဲ့အခါ ကျွန်မနဲ့ သားတော်ရှောလမုန်ဟာ သစ္စာဖောက်တွေလို့ သတ်မှတ်ခံရပါလိမ့်မယ်” လို့လျှောက်တင်တယ်။
-