ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၁၇:၁၅၊ ၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ အဲဒီအခါ ယေဟောဝါဘုရား ရွေးချယ်တဲ့သူကိုပဲ နန်းတင်ရမယ်။+ အဲဒီဘုရင်ဟာ ကိုယ့်ညီအစ်ကိုတွေထဲက ဖြစ်ရမယ်။ ကိုယ့်ညီအစ်ကို မဟုတ်တဲ့ တိုင်းတစ်ပါးသား မဖြစ်ရဘူး။ ၁၆ အဲဒီဘုရင်က မြင်းတွေအများကြီး မစုဆောင်းရဘူး။+ မြင်းတွေရဖို့ အီဂျစ်ပြည်ဆီ လူတွေကို မသွားခိုင်းရဘူး။+ ‘အီဂျစ်ပြည်ကို ပြန်မသွားရဘူး’ လို့ ယေဟောဝါ ပြောထားတယ်။

  • ၁ ဘုရင်များ ၁၀:၂၄-၂၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၄ မြေတစ်ပြင်လုံးမှာရှိတဲ့ လူတွေက ရှောလမုန်ဆီ ဘုရားသခင် ပေးအပ်ထားတဲ့ ဉာဏ်ပညာစကားကို+ နားထောင်ဖို့ ရောက်လာကြတယ်။ ၂၅ နှစ်တိုင်း မင်းကြီးဆီ ရောက်လာသူတွေက ရွှေထည်ငွေထည်၊ အဝတ်အထည်၊ လက်နက်၊ ဗာလစံဆီမွှေး၊ မြင်းနဲ့ လားတွေကို လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သကြတယ်။

      ၂၆ ရှောလမုန်က မြင်းရထားတွေ၊ မြင်းတွေကိုလည်း စုဆောင်းလေ့ရှိတယ်။ သူ့မှာ မြင်းရထား ၁,၄၀၀၊ မြင်း ၁၂,၀၀၀ ရှိပြီး+ အဲဒါတွေကို မြင်းရထားမြို့တွေမှာ ထားတယ်။ သူစံမြန်းတဲ့ ဂျေရုဆလင်မြို့မှာလည်း ထားတယ်။+

  • ၂ ရာဇဝင်ချုပ် ၁:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ မြင်းရထားတွေ၊ မြင်းတွေကို သူစုဆောင်းလေ့ရှိတယ်။ သူ့မှာ မြင်းရထား ၁,၄၀၀၊ မြင်း ၁၂,၀၀၀ ရှိပြီး+ အဲဒါတွေကို မြင်းရထားမြို့တွေမှာ+ ထားတယ်။ သူစံမြန်းတဲ့  ဂျေရုဆလင်မြို့မှာလည်း ထားတယ်။+

  • ၂ ရာဇဝင်ချုပ် ၁:၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ မြင်းရထားတစ်စီးကို ငွေစ ၆၀၀၊ မြင်းတစ်ကောင်ကို ၁၅၀ နဲ့ဝယ်ပြီး အီဂျစ်ပြည်ကနေ တင်သွင်းတယ်။ အဲဒါတွေကို ဟိတ္တိဘုရင်တွေနဲ့ ဆီးရီးယားဘုရင်တွေဆီ ပြန်တင်ပို့ကြတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ