-
၂ ရာဇဝင်ချုပ် ၂:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ အခု လက်မှုပညာကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ ဟိရံအဘိကို+ ကျုပ်လွှတ်လိုက်တယ်။ ၁၄ သူ့မိခင်က ဒန်အနွယ်၊ ဖခင်ကတော့ တိုင်ရာလူမျိုး ဖြစ်တယ်။ ဟိရံအဘိက ရွှေထည်၊ ငွေထည်၊ ကြေးထည်၊ သံထည်၊ ကျောက်နဲ့ သစ်သားထည်လုပ်တဲ့အတတ်၊ ခရမ်းရောင်သိုးမွေး၊ အပြာရောင်ချည်၊ ချည်ချော၊ ကြက်သွေးရောင်ချည် ရက်လုပ်တဲ့အတတ်ကို ကျွမ်းကျင်တယ်။+ ပုံစံအမျိုးမျိုး ထွင်းတတ်ပြီး ဘယ်ပုံစံမဆို လုပ်ပေးနိုင်တယ်။+ မင်းကြီးဆီက လက်မှုပညာသည်တွေ၊ မင်းကြီးရဲ့ခမည်းတော် အရှင်ဒါဝိဒ် ရွေးချယ်ထားတဲ့ လက်မှုပညာသည်တွေနဲ့အတူ သူလုပ်ဆောင်လိမ့်မယ်။
-