ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရာဇဝင်ချုပ် ၆:၃-၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ အဲဒီနောက် မင်းကြီးက ရပ်နေတဲ့ အစ္စရေးလူစုကြီးဘက် လှည့်ပြီး ကောင်းချီးပေးတယ်။+ ၄ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို ချီးမွမ်းကြ။ ဘုရားက ခမည်းတော်ဒါဝိဒ်ကို ကတိပေးခဲ့ရုံမက အဲဒီအတိုင်း ဖြစ်လာအောင် လုပ်ဆောင်ပေးပြီ။ ၅ ‘ငါ့လူမျိုးကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့နေ့ကစပြီး ငါ့နာမည်တည်စေမယ့် အိမ်တော်ကို တည်ဆောက်ဖို့ အစ္စရေးအနွယ်တွေရဲ့ မြို့တစ်မြို့ကို ငါမရွေးချယ်ဖူးဘူး။+ အစ္စရေးတွေကို အုပ်ချုပ်မယ့် လူတစ်ယောက်ကိုလည်း မရွေးချယ်ဖူးဘူး။ ၆ ဒါပေမဲ့ အခုတော့ ငါ့နာမည်တည်စေဖို့  ဂျေရုဆလင်မြို့ကို+  ငါရွေးချယ်ပြီ။ ငါ့လူမျိုး အစ္စရေးတွေကို အုပ်ချုပ်ဖို့ ဒါဝိဒ်ကိုလည်း ရွေးချယ်လိုက်ပြီ’+ လို့လည်း ကိုယ်တော်ပြောခဲ့တယ်။ ၇ ခမည်းတော်ဒါဝိဒ်က အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ နာမည်အတွက် အိမ်တော်ဆောက်ဖို့ ဆန္ဒပြင်းပြခဲ့တယ်။+ ၈ ဒါပေမဲ့ ယေဟောဝါဘုရားက ခမည်းတော်ဒါဝိဒ်ကို ‘ငါ့နာမည်အတွက် အိမ်တော်ဆောက်ဖို့ မင်းဆန္ဒပြင်းပြတယ်။ အဲဒီလိုဆန္ဒပြင်းပြတာ သိပ်ကောင်းတယ်။ ၉ ဒါပေမဲ့ အိမ်တော်ကို မင်း မတည်ဆောက်ရဘူး။ မင်းရဲ့ရင်သွေး၊ မင်းရဲ့သားကပဲ ငါ့နာမည်အတွက် အိမ်တော်ကို တည်ဆောက်ရမယ်’+ လို့ပြောခဲ့တယ်။ ၁၀ ယေဟောဝါဘုရားက ကတိတော်အတိုင်း လုပ်ဆောင်ခဲ့ပြီ။ ယေဟောဝါဘုရားရဲ့ ကတိအတိုင်း+ ခမည်းတော်ဒါဝိဒ်ရဲ့ အရိုက်အရာကို ကျွန်တော် ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်မှာ ထိုင်နေပြီ။+ အဲဒီအပြင် အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့နာမည်အတွက်  အိမ်တော်ကို တည်ဆောက်ပြီး၊ ၁၁ အဲဒီအိမ်တော်ထဲမှာ သေတ္တာတော်ကို ထားလိုက်ပြီ။ အဲဒီသေတ္တာထဲမှာ ကျောက်ပြားနှစ်ချပ် ရှိတယ်။ အဲဒီကျောက်ပြားပေါ်မှာ အစ္စရေးတွေနဲ့ ယေဟောဝါဘုရားဖွဲ့ခဲ့တဲ့ ပဋိညာဉ်အကြောင်း ရေးထားတယ်”+ လို့ပြောတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ