ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရာဇဝင်ချုပ် ၆:၁၄-၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ မိုးကောင်းကင်မှာရော မြေကြီးပေါ်မှာပါ ကိုယ်တော့်လို ဘုရားမျိုး မရှိပါဘူး။ ကိုယ်တော်ဟာ ပဋိညာဉ်ကို တည်စေတဲ့အရှင်၊ လမ်းစဉ်တော်အတိုင်း စိတ်စွမ်းရှိသမျှ လျှောက်လှမ်းတဲ့ ကျေးကျွန်တွေကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ဘုရား  ဖြစ်ပါတယ်။+ ၁၅ ကိုယ်တော့်ကျွန် ခမည်းတော်ဒါဝိဒ်အပေါ် ကတိတည်တယ်။+ ကတိပေးရုံမက အဲဒီအတိုင်းဖြစ်လာအောင် ဒီနေ့ အကောင်အထည်  ဖော်ပေးခဲ့တယ်။+ ၁၆ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ ‘မင်းရဲ့သားမြေးတွေဟာ မင်းလိုပဲ ငါ့ပညတ်အတိုင်း ဂရုတစိုက် လျှောက်လှမ်းမယ်ဆိုရင်+ အစ္စရေးရာဇပလ္လင်ပေါ်မှာ နန်းထိုင်မယ့် မင်းရဲ့မျိုးဆက် ဘယ်တော့မှ မပြတ်စေရဘူး’ ဆိုပြီး ခမည်းတော်ဒါဝိဒ်ကို ပေးခဲ့တဲ့ ကတိကို တည်စေပါ။+ ၁၇ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော့်ကျွန် ဒါဝိဒ်ကို ပေးခဲ့တဲ့ ကတိတွေ တကယ်ဖြစ်လာပါစေ။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ