-
၂ ရာဇဝင်ချုပ် ၂:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ကောင်းကင်သာမက အမြင့်ဆုံး ကောင်းကင်ကြီးတောင် ဘုရားစံမြန်းနိုင်လောက်အောင် မကျယ်ဝန်းဘူးဆိုတော့+ ဘုရားအတွက် အိမ်တော်တည်ဆောက်မယ့် တာဝန်ကို ဘယ်သူယူနိုင်မှာလဲ။ ဘုရားအတွက် အိမ်တော်ဆောက်ပေးရအောင် ကျွန်တော်က ဘယ်သူမို့လို့လဲ။ ကျွန်တော်တတ်နိုင်တာကတော့ ရှေ့တော်မှာ ပူဇော်သက္ကာတွေကို မီးရှို့ဆက်သဖို့ နေရာတစ်နေရာ တည်ဆောက်ပေးရုံပါပဲ။
-
-
၂ ရာဇဝင်ချုပ် ၆:၁၈-၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ “ဘုရားသခင်က ကမ္ဘာမြေပေါ်မှာ လူသားတွေနဲ့အတူ တကယ်ပဲ စံမြန်းမှာလား။+ ကောင်းကင်သာမက အမြင့်ဆုံး ကောင်းကင်ကြီးတောင် ကိုယ်တော် စံမြန်းနိုင်လောက်အောင် မကျယ်ဝန်းပါဘူး။+ ကျွန်တော်ဆောက်တဲ့ ဒီအိမ်တော်ဆိုရင်တော့ ပိုလို့တောင် မဖြစ်နိုင်ပါဘူး။+ ၁၉ ယေဟောဝါဘုရား၊ ကျွန်တော် ဆုတောင်းနေတာ၊ မျက်နှာသာရဖို့ အသနားခံနေတာကို အာရုံစိုက်လှည့်ပါ။ ရှေ့တော်မှာ ကျွန်တော် ဆုတောင်းတာ၊ အကူအညီတောင်းခံတာကို နားထောင်ပေးပါ။ ၂၀ နာမတော်တည်စေမယ်လို့ ကိုယ်တော်ပြောခဲ့တဲ့ ဒီနေရာ၊+ ဒီအိမ်တော်ကို နေ့ညမပြတ် ကြည့်ရှုပေးပါ။ ဒီနေရာကို မျက်နှာမူပြီး ကျွန်တော် ဆုတောင်းနေတာကို နားထောင်ပေးပါ။ ၂၁ ကျွန်တော်နဲ့ လူမျိုးတော်အစ္စရေးတွေ ဒီနေရာကို မျက်နှာမူပြီး အကူအညီတောင်းတဲ့အခါ၊ အသနားခံဆုတောင်းတဲ့အခါ+ စံမြန်းရာကောင်းကင်ကနေ နားထောင်ပေးပါ။+ နားထောင်ပြီး ခွင့်လွှတ်ပေးပါ။+
-
-
နေဟမိ ၉:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ “ကိုယ်တော်တစ်ပါးတည်းသာ ယေဟောဝါဖြစ်တယ်။+ မိုးကောင်းကင်နဲ့ အမြင့်ဆုံးကောင်းကင်ကိုတောင် ကိုယ်တော်ဖန်ဆင်းတယ်။ ကောင်းကင်ပေါ်ကအရာတွေ၊* မြေကြီးနဲ့ မြေကြီးပေါ်ကအရာတွေ၊ ပင်လယ်နဲ့ ပင်လယ်ထဲက အရာတွေကိုလည်း ဖန်ဆင်းပြီး အဲဒါတွေအားလုံးကို အသက်ရှင်စေတယ်။ ကောင်းကင်ပေါ်ကအရာတွေက ကိုယ်တော့်ကို ပျပ်ဝပ်ကိုးကွယ်နေကြတယ်။
-