-
၂ ရာဇဝင်ချုပ် ၁၄:၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ပြီးတော့ အာသမင်းက “ယေဟောဝါဘုရား၊ ကိုယ်တော်က အင်အားကြီးသူတွေကိုဖြစ်စေ၊ အင်အားနည်းသူတွေကိုဖြစ်စေ ကူညီပေးနိုင်ပါတယ်။+ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော့်ကို အားကိုးတဲ့အတွက် ကူညီပေးပါ။+ ဒီလူစုကြီးကိုတိုက်ဖို့ နာမတော်နဲ့ လာခဲ့ပါပြီ။+ ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ဘုရားသခင်ပါ။ သေမျိုးဖြစ်တဲ့လူက ကိုယ်တော့်ကို အနိုင်မရပါစေနဲ့”+ ဆိုပြီး ယေဟောဝါဘုရားကို ဆုတောင်းတယ်။+
-
-
၂ ရာဇဝင်ချုပ် ၂၀:၅၊ ၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ယုဒပြည်သားနဲ့ ဂျေရုဆလင်မြို့သားတွေက ယေဟောဝါအိမ်တော်ရဲ့ ရင်ပြင်အသစ်မှာ ရပ်နေကြတယ်။ ယောရှဖတ်က သူတို့ရှေ့မှာ ရပ်ပြီး၊ ၆ ဆုတောင်းတယ်–
“ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော်ဟာ ကောင်းကင်မှာ စံမြန်းတဲ့ ဘုရားသခင်ပါ။+ တိုင်းနိုင်ငံရှိသမျှကို အုပ်စိုးတဲ့အရှင်ပါ။+ လက်တော်ဟာ တန်ခိုး၊ အစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့အတွက် ကိုယ်တော့်ကို ဘယ်သူမှ မဆန့်ကျင်နိုင်ပါဘူး။+
-