ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရာဇဝင်ချုပ် ၃၀:၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ ခင်ဗျားတို့သာ ယေဟောဝါဘုရားဆီ ပြန်လှည့်လာမယ်ဆိုရင် ခင်ဗျားတို့ရဲ့ ညီအစ်ကိုတွေ၊ သားမြေးတွေကို ဖမ်းခေါ်သွားသူတွေက သနားပြီး+ ဒီပြည်ကို ပြန်လာခွင့်ပေးလိမ့်မယ်။+ ယေဟောဝါဘုရားဟာ သနားစာနာတတ်တယ်၊ ကရုဏာရှိတယ်။+ ခင်ဗျားတို့ ပြန်လှည့်လာမယ်ဆိုရင် မျက်နှာလွှဲမှာ မဟုတ်ဘူး”+ လို့ရေးထားတယ်။

  • ဧဇရ ၇:၂၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၈ ဘုရားသခင်က မင်းကြီးနဲ့ အကြံပေးအရာရှိတွေ၊ အာဏာရှိတဲ့မှူးမတ်တွေ အားလုံးရှေ့မှာ ကျွန်တော့်ကို ခိုင်မြဲတဲ့မေတ္တာပြတယ်။+ ယေဟောဝါဘုရား ထောက်မနေတဲ့အတွက် ကျွန်တော်လည်း သတ္တိရှိလာပြီး အစ္စရေးခေါင်းဆောင်တွေကို အတူလိုက်ခဲ့ဖို့ စုရုံးလိုက်တယ်။

  • နေဟမိ ၂:၇၊ ၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ ပြီးတော့ “မင်းကြီး အလိုတော်ရှိမယ်ဆိုရင် ယုဒပြည်ကို ကျွန်တော် သွားတဲ့အခါ မြစ်ကြီး*+ တစ်ဖက်ကမ်းမှာရှိတဲ့ ဘုရင်ခံတွေ သူတို့ပြည်ကို ဖြတ်သွားခွင့်ပြုစေဖို့ အမိန့်တော်စာတွေ ပေးသနားပါ။ ၈ ဒါ့အပြင် ဗိမာန်တော်ရဲတိုက်ရဲ့+ တံခါးတွေအတွက်၊ မြို့ရိုးအတွက်၊+  ကျွန်တော်နေမယ့်အိမ်အတွက် သစ်တွေပေးဖို့ သစ်တောဝန် အာသပ်ဆီကို အမိန့်တော်စာ ပေးသနားပါ” လို့တောင်းဆိုတယ်။ ဘုရားသခင်ရဲ့ ထောက်မပေးမှုကြောင့်+ ကျွန်တော်တောင်းဆိုတာတွေကို မင်းကြီး ပေးသနားတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ