-
၂ ရာဇဝင်ချုပ် ၁၀:၈-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ဒါပေမဲ့ ရောဗောင်မင်းက အသက်ကြီးသူတွေရဲ့ အကြံပေးချက်ကိုလက်မခံဘဲ သူ့ဆီမှာ ခစားနေတဲ့ ငယ်ပေါင်းကြီးဖော် လူငယ်တွေနဲ့ တိုင်ပင်တယ်။+ ၉ “‘ကျွန်တော်တို့အပေါ် ခမည်းတော်တင်ခဲ့တဲ့ ထမ်းပိုးကို ပေါ့အောင် လုပ်ပေးပါ’ လို့ တောင်းဆိုနေတဲ့ လူတွေကို ဘာပြန်ပြောရမလဲ။ အကြံပေးကြဦး” ဆိုပြီး ပြောတဲ့အခါ၊ ၁၀ ငယ်ပေါင်းကြီးဖော် လူငယ်တွေက “‘မင်းကြီးရဲ့ခမည်းတော်က ကျွန်တော်တို့အပေါ် လေးလံတဲ့ထမ်းပိုး တင်ခဲ့ပါတယ်။ မင်းကြီးက အဲဒီထမ်းပိုးကို ပေါ့အောင် လုပ်ပေးပါ’ ဆိုပြီး တောင်းဆိုတဲ့ လူတွေကို ‘ငါ့လက်သန်းဟာ ခမည်းတော်ရဲ့ခါးထက် ပိုကြီးလိမ့်မယ်။ ၁၁ ခမည်းတော်က မင်းတို့အပေါ် လေးလံတဲ့ထမ်းပိုး တင်ခဲ့တယ်။ အဲဒီထမ်းပိုးကို ပိုလေးအောင် ငါလုပ်ဦးမှာ။ ခမည်းတော်က မင်းတို့ကို ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးခဲ့တယ်။ ငါကတော့ ဆူးချွန်တွေပါတဲ့ ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးဦးမယ်’ လို့ပြောလိုက်ပါ” ဆိုပြီး အကြံပေးတယ်။
-