-
၁ ဘုရင်များ ၁၅:၂၅-၂၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ ယုဒဘုရင်အာသ နန်းစံ ၂ နှစ်မြောက်မှာ ယေရောဗောင်ရဲ့သား နာဒပ်က+ အစ္စရေးပြည်မှာ နန်းတက်လာပြီး ၂ နှစ် စိုးစံတယ်။ ၂၆ သူက ယေဟောဝါရှေ့မှာ မကောင်းတာတွေ လုပ်တယ်။ ခမည်းတော်ရဲ့ လမ်းစဉ်အတိုင်း ဆက်လိုက်တယ်။+ အစ္စရေး တွေကို ကျူးလွန်စေတဲ့ ခမည်းတော်ရဲ့ အပြစ်ကို ဆက်လုပ်တယ်။+ ၂၇ အိသခါအမျိုး၊ အဟိယရဲ့သား ဗာရှာက သူ့ကိုလုပ်ကြံဖို့ လျှို့ဝှက်ကြံစည်တယ်။ ဖိလိတိလူတွေပိုင်တဲ့ ဂိဗသုန်မြို့ကို+ နာဒပ်နဲ့ အစ္စရေးတွေ ဝိုင်းထားချိန်မှာ ဗာရှာက နာဒပ်ကို ဂိဗသုန်မြို့မှာ ကွပ်မျက်လိုက်တယ်။ ၂၈ ဒီလိုနဲ့ ယုဒဘုရင်အာသ နန်းစံသုံးနှစ်မြောက်မှာ ဗာရှာက နာဒပ်ကို လုပ်ကြံပြီး နန်းတက်တယ်။ ၂၉ ဗာရှာက ဘုရင်ဖြစ်လာတာနဲ့ ယေရောဗောင်အမျိုး အားလုံးကို ကွပ်မျက်တယ်။ ယေရောဗောင်နဲ့ပတ်သက်သူ တစ်ယောက်ကိုမှ အရှင်မထားဘဲ သုတ်သင်ပစ်တယ်။ ဘုရားရဲ့ကျွန် ရှိလောမြို့သား အဟိယကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့အတိုင်း ဖြစ်လာတယ်။+
-