-
၁ ဘုရင်များ ၁၂:၂၈-၃၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ ဒါကြောင့် မင်းကြီးက အကြံပေးအရာရှိတွေနဲ့ တိုင်ပင်ပြီးနောက် ရွှေနွားငယ်ရုပ် နှစ်ရုပ်ကို လုပ်တယ်။+ ပြီးတော့ “ဂျေရုဆလင်မြို့ကို မင်းတို့တက်သွားရတာ ဒုက္ခများလွန်းတယ်။ အစ္စရေးတို့၊ ဒါဟာ မင်းတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ ဘုရားသခင်ပဲ” လို့ လူတွေကို ပြောတယ်။+ ၂၉ အဲဒီနောက် နွားရုပ်တစ်ရုပ်ကို ဗေသလမြို့မှာ၊+ နောက်တစ်ရုပ်ကို ဒန်မြို့မှာ+ ထားလိုက်တယ်။ ၃၀ ဒါကြောင့် လူတွေ အပြစ်လုပ်မိကြတယ်။+ လူတွေက ဒန်မြို့အထိသွားပြီး နွားရုပ်ကို ဝတ်ပြုကြတယ်။
-
-
၁ ဘုရင်များ ၁၃:၃၃၊ ၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၃ ဒါတွေဖြစ်ပြီးနောက်မှာတောင် ယေရောဗောင်က ဆိုးတဲ့လမ်းစဉ်ကနေ ပြန်မလှည့်လာဘဲ အထွတ်အမြတ်နေရာတွေအတွက် ပုရောဟိတ်တွေကို သာမန်လူတွေထဲကနေ ဆက်ပြီးခန့်နေတုန်းပဲ။+ ပုရောဟိတ်လုပ်ချင်သူ မှန်သမျှကို “အထွတ်အမြတ်နေရာအတွက် ပုရောဟိတ် ဖြစ်စေ” လို့ပြောပြီး ခန့်တတ်တယ်။+ ၃၄ အဲဒီအပြစ်ကြောင့်ပဲ+ ယေရောဗောင်အမျိုး မြေပြင်ပေါ်ကနေ ပယ်ရှင်းခံရတော့မယ်။ အစတုံး ဖျက်ဆီးခံရတော့မယ်။+
-