ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၂၀:၂၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၄ ငါ့အတွက် ပူဇော်ရာမြေပလ္လင် တည်ရမယ်။ အဲဒီပလ္လင်ပေါ်မှာ မီးရှို့ရာအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေ၊ သိုးနွားတိရစ္ဆာန်တွေကို ပူဇော်ရမယ်။ ငါ့နာမည်ကိုခေါ်ပြီး ဝတ်ပြုကိုးကွယ်ဖို့ ငါရွေးချယ်ထားတဲ့ နေရာတိုင်းမှာ+ မင်းတို့ဆီ ရောက်လာပြီး ကောင်းချီးပေးမယ်။

  • တရားဟောရာ ၁၂:၅၊ ၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ နာမတော်တည်စေဖို့၊ ကိုယ်တိုင်စံမြန်းဖို့ အစ္စရေးနယ်မြေတွေထဲမှာ ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာကို တွေ့အောင်သာ ရှာပြီး သွားကြပါ။+ ၆ မီးရှို့ရာအလှူတွေ၊+ ပူဇော်သက္ကာတွေ၊ ဆယ်ဖို့တစ်ဖို့တွေ၊+ လှူဖွယ်ပစ္စည်းတွေ၊+ သစ္စာကတိအလျောက်ပေးတဲ့ အလှူတွေ၊ စေတနာအလျောက်ပေးတဲ့ အလှူတွေ၊+ သိုးနွားတိရစ္ဆာန်ရဲ့ သားဦးတွေကို+ အဲဒီနေရာဆီ ယူသွားကြပါ။

  • ၁ ဘုရင်များ ၈:၁၆၊ ၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ ‘ငါ့လူမျိုးအစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့နေ့ကစပြီး ငါ့နာမည်တည်စေမယ့်+ အိမ်တော်ကို တည်ဆောက်ဖို့ အစ္စရေးအနွယ်တွေရဲ့ မြို့တစ်မြို့ကို ငါမရွေးချယ်ဖူးဘူး။ ဒါပေမဲ့ အခုတော့ ငါ့လူမျိုးအစ္စရေးတွေကို အုပ်ချုပ်ဖို့ ဒါဝိဒ်ကို ငါရွေးချယ်လိုက်ပြီ’ လို့လည်း ပြောခဲ့တယ်။ ၁၇ ခမည်းတော်ဒါဝိဒ်က အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ နာမည်အတွက် အိမ်တော်ဆောက်ဖို့  ဆန္ဒပြင်းပြခဲ့တယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ