-
တရားဟောရာ ၁၃:၁-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ “ခင်ဗျားတို့ဆီမှာ ပရောဖက် ဒါမှမဟုတ် အိပ်မက်ဖတ်သူ တစ်ယောက်ယောက် ပေါ်လာပြီး လက္ခဏာတွေ၊ အတိတ်နိမိတ်တွေ ပေးလို့၊ ၂ အဲဒီလက္ခဏာတွေ၊ အတိတ်နိမိတ်တွေအတိုင်း တကယ်ဖြစ်လာတဲ့အခါ ‘တခြားဘုရားတွေနောက် လိုက်ပြီး ဝတ်ပြုကြစို့၊ အဲဒီဘုရားတွေအကြောင်း မင်းတို့ မသိဘူးမဟုတ်လား’ ဆိုပြီး ပြောလာရင်၊ ၃ အဲဒီပရောဖက် ဒါမှမဟုတ် အိပ်မက်ဖတ်သူရဲ့စကားကို နားမထောင်ပါနဲ့။+ ယေဟောဝါဘုရားကို ခင်ဗျားတို့ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ချစ်မချစ်သိချင်လို့+ ယေဟောဝါဘုရား စမ်းသပ်နေတာ။+ ၄ ယေဟောဝါဘုရားနောက်ကိုပဲ လိုက်ပါ။ ဘုရားကိုပဲ ကြောက်ရွံ့ပါ။ ပညတ်ချက်တွေကို လိုက်နာပါ။ ဘုရားရဲ့စကားကို နားထောင်ပါ။ ဘုရားကိုပဲ ဝတ်ပြုပါ။ ဘုရားကိုပဲ တွယ်တာနေကြပါ။+ ၅ ခင်ဗျားတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင်၊ ကျွန်ခံရာပြည်ကနေ ရွေးယူလာတဲ့အရှင် ယေဟောဝါဘုရားကို ပုန်ကန်ဖို့ သွေးထိုးပေးပြီး ယေဟောဝါဘုရား လျှောက်ခိုင်းတဲ့ လမ်းစဉ်ကနေ လွဲသွားအောင်လုပ်တဲ့ အဲဒီပရောဖက်ကို ဒါမှမဟုတ် အိပ်မက်ဖတ်သူကို ကွပ်မျက်ရမယ်။+ ဒီနည်းနဲ့ ဆိုးယုတ်မှုကို ခင်ဗျားတို့ဆီကနေ ဖယ်ရှားပစ်ရမယ်။+
-
-
တရားဟောရာ ၁၈:၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ “‘ပရောဖက်တစ်ယောက်က အတင့်ရဲပြီး ငါမမှာထားတဲ့ စကားတွေကို ငါ့နာမည်သုံးပြီး ဟောရင် ဒါမှမဟုတ် တခြားဘုရားတွေရဲ့ နာမည်ကိုသုံးပြီး ဟောရင် သေဒဏ်ခံရမယ်။+
-