-
၂ ရာဇဝင်ချုပ် ၁၈:၈-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ဒါနဲ့ အစ္စရေးဘုရင်က နန်းတွင်းအရာရှိတစ်ယောက်ကို ခေါ်ပြီး “အိမလရဲ့သား မိက္ခာယကို ချက်ချင်းခေါ်ခဲ့” လို့အမိန့်ပေးတယ်။+ ၉ ရှမာရိမြို့တံခါးဝနားက ကောက်နယ်တလင်းမှာ အစ္စရေးဘုရင်နဲ့ ယုဒဘုရင်ယောရှဖတ်က မင်းဝတ်တန်ဆာတွေ ဆင်မြန်းပြီး ရာဇပလ္လင်ကိုယ်စီနဲ့ ထိုင်နေတယ်။ ပရောဖက်တွေကတော့ သူတို့ရှေ့မှာ ပရောဖက်ပြုနေတယ်။ ၁၀ ခေနာနာရဲ့သား ဇေဒကိက သံဦးချိုတွေလုပ်ပြီး “ယေဟောဝါဘုရား ပြောတာက ‘မင်းက ဒီဦးချိုတွေနဲ့ ခွေ့ပြီး ဆီးရီးယားတွေကို အစတုံး ဖျက်ဆီးလိမ့်မယ်’” လို့ အာဟပ်မင်းကို ပြောတယ်။ ၁၁ သူဟောတဲ့အတိုင်းပဲ တခြားပရောဖက်အားလုံးကလည်း ရာမုတ်ဂိလဒ်မြို့ကို သွားတိုက်ခိုက်ပါ။ မင်းကြီး အောင်ပွဲဆင်လိမ့်မယ်။+ ယေဟောဝါဘုရားက အဲဒီမြို့ကို မင်းကြီးလက်ထဲ အပ်လိမ့်မယ်” လို့ပြောကြတယ်။
-