-
၂ ရာဇဝင်ချုပ် ၁၈:၁၂-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ မိက္ခာယကို သွားခေါ်တဲ့ တမန်ကလည်း “ပရောဖက်တွေက မင်းကြီးအတွက် ကောင်းတာကိုပဲ တစ်ညီတည်း ဟောနေကြတယ်။ ခင်ဗျားလည်း သူတို့လို+ ကောင်းတာတွေချည်းပဲ ဟောပါ”+ လို့တိုက်တွန်းတော့၊ ၁၃ မိက္ခာယက “အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ပြောမယ်၊ ဘုရားသခင် ပြောခိုင်းတာကိုပဲ ကျွန်တော် ပြောမယ်”+ လို့ဖြေတယ်။ ၁၄ အဲဒီနောက် အခစားဝင်တဲ့အခါ အစ္စရေးဘုရင်က “မိက္ခာယ၊ ရာမုတ်ဂိလဒ်မြို့ကို ငါတို့တိုက်ရမလား။ မတိုက်ရဘူးလား” လို့မေးတယ်။ သူက ချက်ချင်းပဲ “သွားတိုက်ခိုက်ပါ။ မင်းကြီး အောင်ပွဲဆင်လိမ့်မယ်။ ရန်သူတွေ မင်းကြီးလက်ထဲ ရောက်လာလိမ့်မယ်” လို့ပြောတယ်။ ၁၅ ဒါနဲ့ အစ္စရေးဘုရင်က “ယေဟောဝါဘုရားရဲ့ နာမည်ကိုသုံးပြီး မှန်သောစကားကိုပဲပြောဖို့ မင်းကို ဘယ်နှစ်ခါ ကျိန်ဆိုခိုင်းရမလဲ” လို့ပြောလိုက်တော့၊ ၁၆ မိက္ခာယက “အစ္စရေးတွေဟာ ထိန်းသူမရှိတဲ့ သိုးတွေလို တောင်ပေါ်မှာ တကွဲတပြားဖြစ်နေတာကို ကျွန်တော်မြင်တယ်။+ ‘ဒီလူတွေအားလုံး သခင် မရှိတဲ့အတွက် ကိုယ့်အိမ်ကိုယ့်ရာဆီ အေးအေးဆေးဆေး ပြန်ကြပါစေ’ လို့ ယေဟောဝါဘုရား ပြောတယ်” ဆိုပြီး လျှောက်တင်တယ်။
-