-
၂ ရာဇဝင်ချုပ် ၁၈:၂၈-၃၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ အစ္စရေးဘုရင်နဲ့ ယုဒဘုရင်ယောရှဖတ်က ရာမုတ်ဂိလဒ်မြို့ကို ချီတက်သွားကြတယ်။+ ၂၉ အစ္စရေးဘုရင်က “ငါရုပ်ဖျက်ပြီး တိုက်ပွဲဝင်မယ်။ မင်းကြီးကတော့ မင်းဝတ်တန်ဆာတွေ ဆင်မြန်းထားပါ” လို့ ယောရှဖတ်ကို ပြောတယ်။ ပြီးတော့ ရုပ်ဖျက်ပြီး တိုက်ပွဲဝင်တယ်။ ၃၀ ဆီးရီးယားဘုရင်က မြင်းရထားတပ်မှူးတွေကို “အစ္စရေးဘုရင်ကိုပဲ တိုက်ကြ။ တခြားလူ ကြီးကြီးငယ်ငယ်မှန်သမျှ တိုက်မနေနဲ့” လို့မှာထားတယ်။ ၃၁ မြင်းရထားတပ်မှူးတွေက ယောရှဖတ်ကို မြင်တာနဲ့ “ဒါ အစ္စရေးဘုရင်ပဲ” ဆိုပြီး သူ့ကို လိုက်တိုက်ကြတယ်။ ယောရှဖတ်လည်း အော်ဟစ်အကူအညီတောင်းတဲ့အခါ+ သူ့ကို ယေဟောဝါ ကူညီတယ်။ ဘုရားသခင်က ချက်ချင်းပဲ သူတို့ကို လမ်းလွဲသွားအောင် လုပ်လိုက်တယ်။ ၃၂ မြင်းရထားတပ်မှူးတွေက အစ္စရေးဘုရင် မဟုတ်မှန်းသိတဲ့အခါ ဆက်မလိုက်တော့ဘဲ ချက်ချင်း ပြန်လှည့်သွားကြတယ်။
-