၃၁ နေဗတ်သား ယေရောဗောင်ရဲ့ အပြစ်လမ်းစဉ်အတိုင်း+ လိုက်တာကို မကျေနပ်သေးဘဲ ဆိုင်ဒုန်ဘုရင်+ ဧသဗာလရဲ့သမီး ယေဇဗေလကိုလည်း+ မိဖုရားမြှောက်ပြီး ဗာလဘုရားကို+ ဦးချဝတ်ပြုတယ်။ ၃၂ ဒါ့အပြင် ရှမာရိမြို့မှာ သူတည်ဆောက်ထားတဲ့ ဗာလဘုရားကျောင်းမှာ+ ဗာလဘုရားအတွက် ယဇ်ပလ္လင်တစ်ခု တည်တယ်။