-
၂ ရာဇဝင်ချုပ် ၂၃:၈-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ လေဝိအမျိုးသားတွေနဲ့ ယုဒလူတွေအားလုံးက ပုရောဟိတ်ယောယဒ ညွှန်ကြားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာကြတယ်။ တပ်မှူးတွေက ဥပုသ်နေ့မှာ တာဝန်ကျသူတွေကိုရော တာဝန်မကျသူတွေကိုပါ ခေါ်ထားတယ်။+ ပုရောဟိတ်ယောယဒက သူတို့ကို+ အနားမပေးဘူး။ ၉ ပုရောဟိတ်ယောယဒက ရာတပ်မှူးတွေကို+ ဘုရားသခင်ရဲ့အိမ်တော်မှာရှိတဲ့+ ဒါဝိဒ်မင်းရဲ့ လှံတွေ၊ ဒိုင်းငယ်တွေ၊ ဒိုင်းဝိုင်းတွေ ပေးတယ်။+ ၁၀ ပြီးတော့ လူတွေကို လက်နက်ကိုယ်စီကိုင်၊ ဘုရင်ကိုခြံရံပြီး ပူဇော်ရာပလ္လင်အနား၊ အိမ်တော်အနား၊ အိမ်တော်ရဲ့ညာဘက်ကနေ ဘယ်ဘက်အထိ စောင့်ကြပ်ဖို့ နေရာချပေးတယ်။ ၁၁ အဲဒီနောက် ဘုရင့်သားတော်+ ယောရှကို ခေါ်ထုတ်လာတယ်။ ခေါင်းပေါ် သရဖူဆောင်းပေးပြီး ပညတ်ကျမ်းလိပ်ကို+ တင်တယ်။ ယောယဒနဲ့သားတွေက ယောရှကို မင်းမြှောက်ပြီး ဘိသိက်ပေးလိုက်တယ်။ “မင်းကြီး အသက်တော် ရှည်ပါစေ” လို့ ကြွေးကြော်ကြတယ်။+
-