၁၃ ရှောလုဟာ ယေဟောဝါရဲ့စကားကို မနာခံဘဲ ယေဟောဝါကို သစ္စာဖောက်တဲ့အတွက်၊+ နတ်ကတော်ကို တိုင်ပင်မေးမြန်းတဲ့အတွက် သေဆုံးခဲ့ရတယ်။+ ၁၄ သူက ယေဟောဝါကို မမေးမြန်းခဲ့ဘူး။ ဒါကြောင့် ဘုရားသခင်က သူ့ကို အဆုံးစီရင်ပြီး ထီးနန်းကို ယေရှဲရဲ့သား ဒါဝိဒ်ဆီ လွှဲပြောင်းပေးလိုက်တယ်။+