၂၅ အလျားတစ်တောင်၊ အနံတစ်တောင်ရှိတဲ့ စတုရန်းပုံ နံ့သာပေါင်းပလ္လင်ကို+ ရှားသားနဲ့ လုပ်တယ်။ အမြင့် နှစ်တောင်ရှိတယ်။ ဦးချိုအတက်တွေကို ပလ္လင်နဲ့ တစ်ဆက်တည်းဖြစ်အောင် လုပ်တယ်။+ ၂၆ ပလ္လင်မျက်နှာပြင်၊ ဘေးပတ်လည်နဲ့ ဦးချိုအတက်တွေကို ရွှေစင်နဲ့ ရွှေချပြီး အပေါ်နားပတ်လည်မှာ ရွှေအနားကွပ်ကို လုပ်တယ်။