-
၁ ဘုရင်များ ၇:၄၈-၅၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၈ ယေဟောဝါရဲ့ အိမ်တော်အတွက် ရှောလမုန်လုပ်တဲ့ အသုံးအဆောင်တွေကတော့ ရွှေပလ္လင်၊+ ရှေ့တော်မုန့်တင်ဖို့ ရွှေစားပွဲ၊+ ၄၉ အတွင်းခန်းရဲ့အရှေ့ ညာဘက်မှာထားဖို့ ရွှေစင်ဆီမီးတိုင်+ ငါးတိုင်၊ ဘယ်ဘက်မှာထားဖို့ ရွှေစင်ဆီမီးတိုင်ငါးတိုင်၊ ရွှေပန်းပွင့်၊+ ရွှေမီးခွက်၊ ရွှေမီးညှပ်၊+ ၅၀ ရွှေစင်နဲ့လုပ်ထားတဲ့ အင်တုံ၊ မီးငြိမ်းကိရိယာ၊+ ဇလုံ၊ ခွက်နဲ့+ မီးခဲအိုးတွေ+ ဖြစ်တယ်။ အတွင်းခန်းဖြစ်တဲ့+ အသန့်ရှင်းဆုံးအခန်းရဲ့ တံခါးတွေနဲ့ ဗိမာန်တော်တံခါးတွေအတွက်+ ဆုံလည်တွေကိုလည်း ရွှေနဲ့လုပ်တယ်။
-
-
၂ ရာဇဝင်ချုပ် ၄:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ စားပွဲဆယ်လုံးကို လုပ်ပြီး ဗိမာန်တော်အတွင်း ညာဘက်မှာ ငါးလုံး၊ ဘယ်ဘက်မှာ ငါးလုံး ထားလိုက်တယ်။+ ရွှေဇလုံ ၁၀၀ ကိုလည်း လုပ်တယ်။
-