-
ဧဇရ ၁:၁-၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁ ပါးရှားဘုရင် ဆိုင်းရပ်+ နန်းစံပထမနှစ်မှာ သူ့စိတ်ကို ယေဟောဝါ လှုံ့ဆော်တယ်။ ယေရမိကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့စကားတွေ+ ပြည့်စုံစေဖို့ပဲ။ ဘုရင်က နိုင်ငံတစ်ဝန်းလုံးမှာ အမိန့်တော်စာ ထုတ်ပြန်ပြီး အခုလို ကြေညာစေတယ်–+
၂ “ပါးရှားဘုရင် ဆိုင်းရပ်ရဲ့ အမိန့်တော်– ‘ကောင်းကင်အုပ်စိုးရှင် ယေဟောဝါဘုရားက ငါ့ကို ကမ္ဘာ့တိုင်းနိုင်ငံအားလုံး ပေးအပ်ပြီ။+ ယုဒပြည်၊ ဂျေရုဆလင်မြို့မှာ အိမ်တော်တည်ဆောက်ပါလို့လည်း တာဝန်ပေးလိုက်ပြီ။+ ၃ လူမျိုးတော်ထဲမှာပါတဲ့ မင်းတို့အားလုံးနဲ့အတူ ဘုရားသခင်ရှိပါစေ။ ယုဒပြည်၊ ဂျေရုဆလင်မြို့ကို သွားစေ။ ဂျေရုဆလင်မြို့မှာရှိတဲ့ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့အိမ်တော်ကို ပြန်တည်ဆောက်စေ။ အဲဒီဘုရားဟာ စစ်မှန်တဲ့ ဘုရားသခင်ပဲ။ ၄ တိုင်းတစ်ပါးသားအဖြစ် ဘယ်မှာပဲ နေထိုင်နေပါစေ+ သူ့အိမ်နီးချင်းတွေက ရွှေငွေတွေ၊ ဥစ္စာပစ္စည်းတွေ၊ တိရစ္ဆာန်တွေကို ထည့်ပေးလိုက်ရမယ်။ ဂျေရုဆလင်မြို့မှာရှိတဲ့ ဘုရားသခင်ရဲ့ အိမ်တော်အတွက် စေတနာအလျောက်ပေးတဲ့ အလှူတွေကိုလည်း ထည့်ပေးလိုက်ရမယ်။+ ဒီနည်းနဲ့ သူတို့ကို ကူညီထောက်မရမယ်။’”
-