-
ဝတ်ပြုရာ ၄:၈-၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ “‘အဲဒီနောက် သူက အပြစ်ဖြေရာအလှူဖြစ်တဲ့ နွားထီးရဲ့အဆီအားလုံးကို ဖယ်ထုတ်ထားရမယ်။ အဲဒီအဆီတွေကတော့ ဝမ်းတွင်းအဆီလွှာ၊ အူမှာကပ်နေတဲ့အဆီ၊ ၉ ခါးအတွင်းပိုင်းမှာရှိတဲ့ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က အဆီတွေပဲ။ ကျောက်ကပ်တွေနဲ့အတူ အသည်းပေါ်က အဆီလွှာလည်း ပါတယ်။+ ၁၀ မိတ်သဟာယ ပူဇော်သက္ကာဖြစ်တဲ့ နွားထီးရဲ့ အဆီကို ဖယ်ထုတ်သလိုပဲ+ အဲဒီအဆီတွေကို ဖယ်ထုတ်ပြီး မီးရှို့ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ဆက်သရမယ်။
-
-
၁ ဘုရင်များ ၈:၆၄-၆၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆၄ အဲဒီနေ့မှာ မင်းကြီးက ယေဟောဝါရဲ့ အိမ်တော်ရှေ့ ရင်ပြင်အလယ်မှာ မီးရှို့ရာပူဇော်သက္ကာတွေ၊ ကောက်နှံအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေရဲ့ အဆီတွေကို ပူဇော်ရမှာဖြစ်လို့ အဲဒီနေရာကို ဆက်ကပ်လိုက်တယ်။ ယေဟောဝါရှေ့က ကြေးနီပလ္လင်မှာ+ မီးရှို့ရာပူဇော်သက္ကာတွေ၊ ကောက်နှံအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေရဲ့ အဆီတွေ+ ပူဇော်ဖို့ နေရာမဆံ့လို့ပဲ။ ၆၅ အဲဒီအချိန်မှာ ရှောလမုန်က ဟာမတ်လမ်းဝကနေ အီဂျစ် သဲချောင်းအထိ+ အရပ်ရပ်က ရောက်လာကြတဲ့ အစ္စရေးလူစုကြီးနဲ့အတူ ယေဟောဝါဘုရားရှေ့မှာ ၇ ရက်၊ နောက်ထပ် ၇ ရက်၊ စုစုပေါင်း ၁၄ ရက် ပွဲတော်+ ကျင်းပတယ်။ ၆၆ နောက်တစ်နေ့မှာ* လူတွေကို ပြန်လွှတ်လိုက်တယ်။ လူတွေလည်း ရှောလမုန်မင်းကြီးအတွက် ဆုမွန်ကောင်း တောင်းပေးကြတယ်။ ဘုရားရဲ့ကျွန်ဒါဝိဒ်နဲ့ အစ္စရေးလူမျိုးအတွက် ယေဟောဝါ လုပ်ဆောင်ပေးတဲ့ ကောင်းမြတ်မှု+ အားလုံးကြောင့် လူတွေ ဝမ်းသာကြည်နူးပြီး ကိုယ့်အိမ်ကိုယ့်ရာဆီ ပြန်သွားကြတယ်။
-