-
၁ ဘုရင်များ ၉:၂၀-၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ အစ္စရေးလူမျိုးမဟုတ်တဲ့ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတွေထဲက ကျန်ကြွင်းသူအားလုံး၊+ ၂၁ အစ္စရေးတွေ မဖျက်ဆီးနိုင်ခဲ့လို့ တိုင်းပြည်မှာ ကျန်ကြွင်းတဲ့ အဲဒီလူမျိုးတွေရဲ့ သားမြေးတွေကို ရှောလမုန်က ကျွန်အဖြစ် စေခိုင်းတယ်။ ဒီနေ့အထိ သူတို့ ကျွန်ခံနေရတုန်းပဲ။+ ၂၂ အစ္စရေးတွေကိုတော့ တစ်ယောက်မှ ကျွန်မခံခိုင်းဘူး။+ စစ်သည်တွေ၊ အမှုထမ်းတွေ၊ မှူးမတ်တွေ၊ ဗိုလ်မှူးတွေ၊ ရထားထိန်းနဲ့ မြင်းစီးသူရဲတွေရဲ့ ခေါင်းဆောင်တွေအဖြစ် အမှုထမ်းစေတယ်။ ၂၃ ရှောလမုန်ရဲ့အလုပ်ကို ကြီးကြပ်ရတဲ့၊ အလုပ်သမားတွေကို ကြီးကြပ်ရတဲ့ ဝန်မင်း+ ၅၅၀ ရှိတယ်။
-