-
တောလည်ရာ ၂၈:၁၁-၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ “‘လဆန်းနေ့တိုင်းမှာ ယေဟောဝါအတွက် မီးရှို့ရာအလှူအဖြစ် နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အနာအဆာမရှိတဲ့ တစ်နှစ်သားအရွယ် သိုးထီးလေးခုနစ်ကောင်ကို ပူဇော်ရမယ်။+ ၁၂ နွားထီးတစ်ကောင်စီအတွက် ကောက်နှံအလှူအဖြစ် ဆီရောထားတဲ့ ဂျုံနု ဆယ်ပုံသုံးပုံ၊+ သိုးထီးတစ်ကောင်အတွက် ကောက်နှံအလှူအဖြစ် ဆီရောထားတဲ့ ဂျုံနု ဆယ်ပုံနှစ်ပုံ၊+ ၁၃ သိုးထီးလေး တစ်ကောင်စီအတွက် ကောက်နှံအလှူအဖြစ် ဆီရောထားတဲ့ ဂျုံနု ဆယ်ပုံတစ်ပုံကို မွှေးကြိုင်တဲ့ရနံ့ထွက်အောင်+ ယေဟောဝါဆီ မီးရှို့ပူဇော်ရမယ်။ ၁၄ သွန်းလောင်းရာအလှူအဖြစ် နွားထီးတစ်ကောင်အတွက် စပျစ်ဝိုင် တစ်ဟိန်ရဲ့တစ်ဝက်၊+ သိုးထီးတစ်ကောင်အတွက် တစ်ဟိန်ရဲ့ သုံးပုံတစ်ပုံ၊+ သိုးထီးလေးတစ်ကောင်အတွက် တစ်ဟိန်ရဲ့ လေးပုံတစ်ပုံကိုလည်း+ ပူဇော်ရမယ်။ ဒါဟာ တစ်နှစ်လုံး လတိုင်း ပူဇော်ရမယ့် မီးရှို့ရာအလှူပဲ။ ၁၅ ပုံမှန်မီးရှို့ရာအလှူ၊ သွန်းလောင်းရာအလှူအပြင် အပြစ်ဖြေရာအလှူအဖြစ် ဆိတ်ကလေးတစ်ကောင်ကိုလည်း ယေဟောဝါဆီ ပူဇော်ရမယ်။
-