-
၁ ဘုရင်များ ၁၅:၂၀-၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ ဗင်ဟာဒဒ်လည်း အာသရဲ့စကားကို နားထောင်ပြီး အစ္စရေးမြို့တွေကို တိုက်ခိုက်ဖို့ သူ့ရဲ့ဗိုလ်ချုပ်တွေကို လွှတ်လိုက်တယ်။ သူတို့က အိယုန်မြို့၊+ ဒန်မြို့၊+ အာဗေလဗက်မာခါမြို့၊ ခိနေရက်တစ်နယ်လုံး၊ နဿလိနယ်မြေတစ်ခုလုံးကို တိုက်ခိုက်ကြတယ်။ ၂၁ ဒီအကြောင်းကို ဗာရှာကြားတဲ့အခါ ရာမမြို့ကို ဆက်မဆောက်တော့ဘဲ တိရဇာမြို့ဆီ+ ချက်ချင်းပြန်သွားပြီး အဲဒီမှာပဲ ဆက်နေတယ်။ ၂၂ အာသမင်းက ယုဒတစ်မျိုးလုံးကို တစ်ယောက်မကျန် ဆင့်ခေါ်လိုက်တယ်။ သူတို့က ဗာရှာမင်း တည်ဆောက်နေတဲ့ ရာမမြို့က ကျောက်တွေ၊ သစ်သားတွေကို သယ်သွားကြတယ်။ အာသမင်းက အဲဒါတွေကိုသုံးပြီး မိဇပါမြို့၊+ ဗင်ယာမိန်နယ်မြေမှာရှိတဲ့ ဂေဘမြို့ကို+ အခိုင်အမာ တည်ဆောက်တယ်။
-