၃၈ ဗေဇလေလက အလျားငါးတောင်၊ အနံငါးတောင်ရှိတဲ့ စတုရန်းပုံ မီးရှို့ပူဇော်ရာပလ္လင်ကို ရှားသားနဲ့လုပ်တယ်။ အမြင့် သုံးတောင်ရှိတယ်။+ ၂ ပူဇော်ရာပလ္လင်ရဲ့ ထောင့်လေးထောင့်မှာ ဦးချိုအတက်တွေကို လုပ်တယ်။ အတက်တွေက ပူဇော်ရာပလ္လင်နဲ့ တစ်ဆက်တည်း ဖြစ်နေတယ်။ ပူဇော်ရာပလ္လင်ကို ကြေးနီနဲ့ အုပ်လိုက်တယ်။+