-
တရားဟောရာ ၄:၂၉-၃၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၉ “အဲဒီပြည်တွေမှာ ယေဟောဝါဘုရားကို ခင်ဗျားတို့ ရှာမယ်၊+ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ရှာဖွေမေးမြန်းမယ် ဆိုရင်တော့+ တွေ့ကိုတွေ့ရလိမ့်မယ်။ ၃၀ နောက်ပိုင်းမှာ ခင်ဗျားတို့ အကြီးအကျယ် ဒုက္ခရောက်ပြီး အခုပြောတဲ့အတိုင်း ကြုံရတဲ့အခါ ယေဟောဝါဘုရားဆီ ပြန်လှည့်လာပြီး ဘုရားရဲ့စကားကို နားထောင်ကြလိမ့်မယ်။+ ၃၁ ယေဟောဝါဘုရားဟာ ကရုဏာရှိတဲ့ဘုရား ဖြစ်လို့+ ခင်ဗျားတို့ကို မစွန့်ပစ်ဘူး၊ မဖျက်ဆီးဘူး။ ဘိုးဘေးတွေနဲ့ ကျိန်ဆိုပြီးဖွဲ့ထားတဲ့ ပဋိညာဉ်ကိုလည်း မမေ့ဘူး။+
-