-
၁ ဘုရင်များ ၃:၅-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ဂိဗောင်မြို့မှာ ရှိနေတုန်း ညအခါအိပ်မက်မှာ ယေဟောဝါ ရောက်လာတယ်။ ဘုရားသခင်က “မင်း လိုချင်တာတောင်းပါ။ ငါပေးမယ်”+ လို့ပြောတော့၊ ၆ ရှောလမုန်က “ခမည်းတော်ဒါဝိဒ်ဟာ သစ္စာရှိတဲ့ လမ်းစဉ်အတိုင်း ကိုယ်တော့်ရှေ့မှာ ဖြောင့်မတ်စွာ၊ တရားမျှတစွာ အသက်ရှင်ခဲ့သလို ကိုယ်တော်ကလည်း ခမည်းတော်ကို ကြီးမားခိုင်မြဲတဲ့မေတ္တာ ပြခဲ့ပါပြီ။ ဒါတင်မကသေးဘဲ သူ့ထီးနန်းကို ဆက်ခံမယ့် သားတစ်ယောက်ကိုပါ ပေးသနားပြီး အခုလို ကြီးမားခိုင်မြဲတဲ့ မေတ္တာကို ဆက်ပြပါပြီ။+ ၇ ယေဟောဝါဘုရား၊ အခု ကိုယ်တော်ကြောင့် ခမည်းတော်ဒါဝိဒ်ရဲ့ အရိုက်အရာကို ဆက်ခံပြီး ဘုရင်လုပ်နေရပေမဲ့ ကျွန်တော်ဟာ အတွေ့အကြုံမရှိတဲ့ လူငယ်တစ်ယောက်ပါ။+ ၈ ကိုယ်တော် ရွေးချယ်ထားတဲ့ လူမျိုး၊+ မရေတွက်နိုင်အောင် များလွန်းတဲ့လူမျိုးကို အုပ်ချုပ်နေရပါတယ်။ ၉ ဒါကြောင့် လူမျိုးတော်ကို တရားစီရင်နိုင်ဖို့၊ အကောင်းအဆိုးကို ပိုင်းခြားနိုင်ဖို့+ နာခံတတ်တဲ့စိတ်နှလုံး ပေးသနားပါ။+ ဒီလောက်များလှတဲ့* လူတွေကို ဘယ်သူကများ တရားစီရင်နိုင်မှာလဲ” ဆိုပြီးပြန်ဖြေတယ်။
-