-
၁ ဘုရင်များ ၆:၂၃-၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ အတွင်းခန်းမှာ ဆယ်တောင်စီမြင့်တဲ့ ခေရုဗိမ်ရုပ်နှစ်ရုပ်ကို+ ထင်းရှူးသားနဲ့ လုပ်တယ်။+ ၂၄ ခေရုဗိမ်တောင်ပံက တစ်ဖက်မှာ ငါးတောင်စီ ရှိတယ်။ တောင်ပံရဲ့ ဒီဘက်အဖျားကနေ ဟိုဘက်အဖျားအထိ ဆယ်တောင်ရှိတယ်။ ၂၅ နောက်ခေရုဗိမ်ရုပ်ရဲ့ တောင်ပံလည်း ဆယ်တောင်ပဲ။ ခေရုဗိမ်နှစ်ရုပ်စလုံး အရွယ်အစားရော ပုံစံပါ တူတယ်။ ၂၆ ခေရုဗိမ်နှစ်ရုပ်စလုံး အမြင့်ဆယ်တောင်စီ ရှိတယ်။ ၂၇ အဲဒီခေရုဗိမ်တွေကို+ အတွင်းခန်းထဲမှာ ထားလိုက်တယ်။ တောင်ပံဖြန့်ထားတဲ့အတွက် ခေရုဗိမ်တစ်ရုပ်ရဲ့ တောင်ပံတစ်ဖက်က ဒီဘက်နံရံကို၊ နောက်တစ်ရုပ်ရဲ့ တောင်ပံတစ်ဖက်က ဟိုဘက်နံရံကို ထိနေတယ်။ အခန်းအလယ်မှာလည်း ဖြန့်ထားတဲ့ တောင်ပံနှစ်ဖက်ဟာ တစ်ခုနဲ့တစ်ခု ထိနေတယ်။ ၂၈ ပြီးတဲ့နောက် ခေရုဗိမ်တွေကို ရွှေချလိုက်တယ်။
-