ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ဘုရင်များ ၇:၂၃-၂၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၃ ပြီးတော့ အမြင့် ၅ တောင်ရှိတဲ့ ကြေးနီရေကန်ကို+ သူသွန်းလုပ်တယ်။ ရေကန်အဝဟာ စက်ဝိုင်းပုံရှိပြီး အချင်း ၁၀ တောင်ရှိတယ်။ ရေကန်အဝပတ်လည်ကို တိုင်းရင် အတောင် ၃၀ ရှိတယ်။+ ၂၄ ရေကန်အဝရဲ့အောက်ဘက် ရေကန်ပတ်လည်ကို ဘူးသီးပုံတွေနဲ့+ အလှဆင်တယ်။ တစ်တောင်မှာ ဘူးသီးပုံဆယ်ခု ရှိတယ်။ ဘူးသီးပုံအတန်း နှစ်တန်းရှိပြီး ရေကန်နဲ့တစ်စပ်တည်း သွန်းလုပ်တယ်။ ၂၅ ရေကန်ကို နွားရုပ် ၁၂ ကောင်အပေါ်+ တင်တယ်။ နွားတွေက အရှေ့ဘက်ကို သုံးကောင်၊ အနောက်ဘက်ကို သုံးကောင်၊ တောင်ဘက်ကို သုံးကောင်၊ မြောက်ဘက်ကို သုံးကောင် မျက်နှာမူပြီး ရေကန်ကို ထမ်းထားတယ်။ နွားရုပ်တွေက အရပ်လေးမျက်နှာကို မျက်နှာမူထားတယ်။ ၂၆ ရေကန်ရဲ့အထူဟာ လက်လေးသစ်* ရှိတယ်။ ရေကန်အဝဟာ ဖလားနှုတ်ခမ်းဝလို၊ နှင်းပန်းလို ဖြစ်နေတယ်။ ရေကန်ထဲမှာ ရေဗတ်* ၂,၀၀၀ ဆံ့တယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ