-
၂ ရာဇဝင်ချုပ် ၁၅:၁၀-၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ အာသနန်းစံ ၁၅ နှစ်မြောက်၊ ၃ လပိုင်းမှာ သူတို့အားလုံး ဂျေရုဆလင်မြို့မှာ စုဝေးကြတယ်။ ၁၁ သူတို့ယူလာတဲ့ တိုက်ရာပါဥစ္စာတွေထဲက နွား ၇၀၀ နဲ့ သိုး ၇,၀၀၀ ကို အဲဒီနေ့မှာ ယေဟောဝါဆီ ပူဇော်ကြတယ်။ ၁၂ ဒါ့အပြင် ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနဲ့ ရှာဖွေမယ်လို့ ကတိသစ္စာပြုကြတယ်။+ ၁၃ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို မရှာဖွေတဲ့ လူကြီးလူငယ်၊ ယောက်ျားမိန်းမ ဘယ်သူမဆို ကွပ်မျက်ခံရမှာ ဖြစ်တယ်။+
-