ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရာဇဝင်ချုပ် ၂၈:၁၂၊ ၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ ယေဟောဝါရဲ့ အိမ်တော်တံတိုင်းတွေ၊+  ပတ်လည် စားသောက်ခန်းတွေ၊ ဘုရားသခင့်အိမ်တော် ဘဏ္ဍာတိုက်တွေ၊ ဆက်ကပ်ပစ္စည်းတွေထားရာ ဘဏ္ဍာတိုက်တွေနဲ့ပတ်သက်ပြီး+  စွမ်းအားတော်ကတစ်ဆင့် ရတဲ့ ဗိသုကာပုံစံကိုလည်း ပေးတယ်။ ၁၃ ဒါ့အပြင် ပုရောဟိတ်အုပ်စုတွေ၊+ လေဝိအမျိုးသားအုပ်စုတွေ၊ ယေဟောဝါရဲ့အိမ်တော် လုပ်ငန်းတာဝန်တွေ၊ ယေဟောဝါရဲ့ အိမ်တော်လုပ်ငန်းမှာသုံးမယ့် ပစ္စည်းတွေနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေကိုလည်း ပေးတယ်။

  • ၂ ရာဇဝင်ချုပ် ၈:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ အဲဒီနောက် ရှောလမုန်က မုခ်ဦးရှေ့+ သူတည်ထားတဲ့ ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ပေါ်မှာ+ ယေဟောဝါအတွက် မီးရှို့ရာပူဇော်သက္ကာတွေကို+ ဆက်သတယ်။

  • ၂ ရာဇဝင်ချုပ် ၈:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ ဒါ့အပြင် ခမည်းတော်ဒါဝိဒ် ညွှန်ကြားခဲ့တဲ့အတိုင်း ပုရောဟိတ်အုပ်စုတွေကို တာဝန်အလိုက် စီစဉ်ဖွဲ့စည်းတယ်။+  လေဝိအမျိုးသားတွေကိုလည်း  နေ့စဉ်လုပ်နေကျအတိုင်း  ဘုရားသခင်ကို ချီးမွမ်းဖို့၊+ ပုရောဟိတ်တွေရှေ့မှာ  အမှုဆောင်ဖို့ တာဝန်အလိုက် စီစဉ်ဖွဲ့စည်းပေးတယ်။ တံခါးအသီးသီးကို စောင့်ကြပ်ဖို့ တံခါးစောင့်အုပ်စုတွေကိုလည်း တာဝန်ခွဲပေးတယ်။+ အဲဒီအတိုင်းလုပ်ဖို့ စစ်မှန်တဲ့ဘုရားသခင်ရဲ့လူ ဒါဝိဒ်မှာကြားခဲ့တယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ