-
၁ ဘုရင်များ ၇:၄၀-၄၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၀ ဟိရံက+ အင်တုံတွေ၊ ဂေါ်ပြားတွေ၊+ ဇလုံတွေကိုလည်း+ လုပ်တယ်။ ယေဟောဝါရဲ့ အိမ်တော်အတွက် ရှောလမုန်မင်းကြီး စေခိုင်းတဲ့အလုပ်အားလုံးကို လုပ်ပြီးသွားတယ်။+ ၄၁ တိုင်နှစ်တိုင်၊+ တိုင်နှစ်တိုင်ထိပ်ပေါ်က အိုးပုံစံထိပ်ဖူးနှစ်ခု၊ ထိပ်ဖူးနှစ်ခုကို အလှဆင်ဖို့ ကွန်ရက်နှစ်ခု၊+ ၄၂ ကွန်ရက်နှစ်ခုအတွက် သလဲသီး+ ၄၀၀၊ တိုင်နှစ်တိုင်ပေါ်က အိုးပုံစံထိပ်ဖူးနှစ်ခုကို အလှဆင်ဖို့ ကွန်ရက်တစ်ခုစီအတွက် သလဲသီးနှစ်တန်း၊ ၄၃ တွန်းလှည်းဆယ်ခု၊+ တွန်းလှည်းတွေပေါ်က အင်တုံဆယ်ခု၊+ ၄၄ ရေကန်၊+ ရေကန်တင်ဖို့ နွားရုပ် ၁၂ ကောင်၊ ၄၅ ပြာခွက်၊ ဂေါ်ပြား၊ ဇလုံနဲ့ အသုံးအဆောင်အားလုံးကို ယေဟောဝါရဲ့ အိမ်တော်အတွက်၊ ရှောလမုန်မင်းကြီးအတွက် ပြောင်လက်တဲ့ကြေးနီနဲ့ လုပ်ထားတယ်။ ၄၆ မင်းကြီးက သုကုတ်နဲ့ ဇာရတန်အရပ်ကြား ဂျော်ဒန်မြစ်ဝှမ်းဒေသမှာ အဲဒီပစ္စည်းတွေကို ရွှံ့စေးပုံစံခွက်တွေနဲ့ သွန်းလုပ်တယ်။
-