-
ယေရမိ ၅၀:၄၊ ၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ ယေဟောဝါ ပြောမယ်– “အဲဒီနေ့ရက်ကာလရောက်ရင် အစ္စရေးလူတွေနဲ့ ယုဒလူတွေ အတူလာကြလိမ့်မယ်။+ ငိုကြွေးရင်းနဲ့ လျှောက်လာပြီး+ သူတို့ရဲ့ဘုရား ယေဟောဝါကို ရှာကြလိမ့်မယ်။+ ၅ ဇိအုန်ဘက် သွားတဲ့လမ်းကို မေးကြမယ်။+ အဲဒီဘက်ကို သွားနေရင်း ‘လာကြ။ မေ့လျော့မခံရမယ့် ထာဝရပဋိညာဉ်ကတစ်ဆင့် ယေဟောဝါဘုရားနဲ့ ပူးပေါင်းကြစို့’ လို့ ပြောကြတယ်။+
-