-
ဝတ်ပြုရာ ၂၁:၆-၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ပုရောဟိတ်တွေဟာ မိမိတို့ရဲ့ ဘုရားသခင်အတွက် သန့်ရှင်းသူတွေ ဖြစ်ရမယ်။+ ဘုရားသခင်ရဲ့နာမည်ကို ကဲ့ရဲ့ရှုတ်ချစရာ မဖြစ်စေရဘူး။+ ယေဟောဝါအတွက် မီးရှို့ရာအလှူတွေ၊ ဘုရားသခင်ရဲ့ အစားအစာတွေကို ဆက်သရသူဖြစ်လို့ သူတို့သန့်ရှင်းရမယ်။+ ၇ ပြည့်တန်ဆာမ၊+ အပျိုစင်မဟုတ်တော့တဲ့ မိန်းမ၊ ကွာရှင်းထားတဲ့ မိန်းမကို+ လက်မထပ်ရဘူး။ ပုရောဟိတ်ဟာ ဘုရားသခင်အတွက် သန့်ရှင်းတဲ့သူပဲ။ ၈ ဘုရားသခင်ရဲ့ အစားအစာ ဆက်သသူဖြစ်လို့ ပုရောဟိတ်ကို သန့်ရှင်းသူလို့ ယူမှတ်ရမယ်။+ မင်းတို့ကို သန့်ရှင်းတဲ့လူမျိုးအဖြစ် သီးခြားခွဲထားတဲ့အရှင် ငါယေဟောဝါဟာ သန့်ရှင်းမြင့်မြတ်တဲ့အတွက် သူ့ကို သန့်ရှင်းသူလို့ ယူမှတ်ရမယ်။+
-