- 
	                        
            
            ၁ ရာဇဝင်ချုပ် ၂၉:၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၉ စေတနာအလျောက် အဲဒီလိုလှူဒါန်းရတာကို လူတွေ ဝမ်းသာပီတိ ဖြစ်ကြတယ်။ ယေဟောဝါအတွက် စိတ်နှလုံးအကြွင်းမဲ့ စေတနာရှိရှိ ပေးလှူကြလို့ပဲ။+ ဒါဝိဒ်မင်းလည်း သိပ်ကို ဝမ်းသာကြည်နူးသွားတယ်။ 
 
- 
                                        
- 
	                        
            
            ဧဇရ ၇:၁၄-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၄ ငါကိုယ်တော်မြတ်နဲ့ အကြံပေးအရာရှိ ခုနစ်ယောက်ရဲ့ အမိန့်အရ မင်းဆီမှာရှိတဲ့ ဘုရားသခင်ရဲ့ ပညတ်တရားကို ယုဒပြည်သားနဲ့ ဂျေရုဆလင်မြို့သားတွေ လိုက်နာ၊ မလိုက်နာ စုံစမ်းစစ်ဆေးဖို့ မင်းကို စေလွှတ်လိုက်တယ်။ ၁၅ ဒါ့အပြင် ဂျေရုဆလင်မြို့မှာ စံမြန်းတဲ့ အစ္စရေးတို့ရဲ့ ဘုရားသခင်အတွက် ငါကိုယ်တော်မြတ်နဲ့ အကြံပေးအရာရှိတွေ စေတနာရှိရှိ လှူလိုက်တဲ့ရွှေငွေကို မင်း ယူသွားရမယ်။ ၁၆ ဗာဗုလုန်ခရိုင်မြို့တွေမှာ ကောက်ခံရရှိတဲ့ ရွှေငွေအားလုံးအပြင် ဂျေရုဆလင်မြို့မှာရှိတဲ့ မင်းတို့ဘုရားသခင်ရဲ့ အိမ်တော်အတွက် ပုရောဟိတ်တွေနဲ့ လူတွေ စေတနာရှိရှိလှူလိုက်တဲ့ လက်ဆောင်တွေကိုလည်း ယူသွားရမယ်။+ 
 
-