-
နေဟမိ ၆:၁၀-၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ အဲဒီအချိန်မှာ မဟေတဗေလရဲ့မြေး၊ ဒေလာယရဲ့သား ရှေမာယက ဘယ်မှမသွားဘဲ အိမ်ထဲအောင်းနေတယ်။ ကျွန်တော် သူ့ဆီသွားတဲ့အခါ သူက “စစ်မှန်တဲ့ ဘုရားသခင်ရဲ့အိမ်တော်ဖြစ်တဲ့ ဗိမာန်တော်ထဲမှာ ဆုံကြရအောင်။ ညဘက်မှာ ခင်ဗျားကိုသတ်ဖို့ သူတို့လာကြမှာမို့လို့ ဗိမာန်တော်တံခါးတွေကို ပိတ်ပြီး ပုန်းနေရအောင်” ဆိုပြီးပြောတယ်။ ၁၁ “ကျွန်တော့်လိုလူက ထွက်ပြေးပုန်းရှောင် နေရမှာလား။ ကျွန်တော် ဗိမာန်တော်ထဲ ဝင်ရင်ကော သေဒဏ်ကနေ လွတ်ပါ့မလား။+ မဝင်ဘူး” လို့ပြန်ပြောလိုက်တယ်။ ၁၂ ရှေမာယ အဲဒီလို ပရောဖက်ပြုတာက ဘုရားသခင် စေခိုင်းလို့မဟုတ်ဘဲ တောဘိနဲ့ သမ်ဘာလတ်တို့+ ငှားရမ်းပြီး ပြောခိုင်းလို့ဆိုတာ ကျွန်တော် ရိပ်မိသွားတယ်။
-