ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ဘုရင်များ ၂၄:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ ယုဒဘုရင် ယေခေါနိက မယ်တော်၊ မင်းမှုထမ်းတွေ၊ မင်းညီမင်းသားတွေ၊ နန်းတွင်းအရာရှိတွေနဲ့အတူ+ ဗာဗုလုန်ဘုရင်ဆီ+ ထွက်လာပြီး အညံ့ခံတယ်။ ဗာဗုလုန်ဘုရင်က နန်းစံရှစ်နှစ်မှာ ယေခေါနိကို သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားတယ်။+

  • ၂ ဘုရင်များ ၂၄:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ ဗာဗုလုန်ဘုရင်က ဂျေရုဆလင်မြို့သားတွေ၊ မင်းညီမင်းသားတွေ၊+ ခွန်အားကြီးစစ်သည်တွေ၊ လက်မှုပညာသည်တွေ၊ ပန်းပဲဆရာတွေ*+ စုစုပေါင်းလူ ၁၀,၀၀၀ ကို ဖမ်းခေါ်သွားတယ်။ ဆင်းရဲမွဲတေနေသူတွေကိုတော့ ချန်ခဲ့တယ်။+

  • ၂ ရာဇဝင်ချုပ် ၃၆:၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ ဒါနဲ့ ဘုရားသခင်က ခါလဒဲဘုရင်ကို စေလွှတ်ပြီး သူတို့ကို တိုက်ခိုက်စေတယ်။+ ခါလဒဲဘုရင်က သူတို့ရဲ့ သန့်ရှင်းရာဌာနတော်မှာ+ လူငယ်တွေကို ဓားနဲ့ကွပ်မျက်တယ်။+ လူပျို၊ အပျို၊ လူအို၊ အိုမင်းမစွမ်းသူကိုလည်း မသနားဘူး။+ ဘုရားသခင်က ရှိရှိသမျှကို ခါလဒဲဘုရင်လက်ထဲ အပ်လိုက်တယ်။+

  • ၂ ရာဇဝင်ချုပ် ၃၆:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ အသတ်မခံရဘဲ ကျန်ရှိနေသူတွေကို ဗာဗုလုန်မြို့ဆီ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားတယ်။+ ပါးရှားနိုင်ငံ စတင်အာဏာရချိန်အထိ+ ဗာဗုလုန်ဘုရင်နဲ့ သားမြေးတွေဆီမှာ သူတို့ ကျွန်ခံရတယ်။+

  • ယေရမိ ၃၉:၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က+ မြို့ထဲမှာကျန်တဲ့သူတွေ၊ သူ့ဆီ အညံ့ခံပူးပေါင်းတဲ့သူတွေ၊ ကျန်တဲ့သူတွေကို ဗာဗုလုန်ဆီ ဖမ်းခေါ်သွားတယ်။

  • ယေရမိ ၅၂:၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က ဆင်းရဲသားတွေနဲ့ မြို့ထဲမှာ ကျန်ရစ်သူတချို့ကို ဖမ်းခေါ်သွားတယ်။ ဗာဗုလုန်ဘုရင်ဆီ အညံ့ခံပူးပေါင်းတဲ့သူတွေ၊ ကျန်တဲ့လက်မှုပညာရှင်တွေကိုလည်း ခေါ်သွားတယ်။+

  • ယေရမိ ၅၂:၂၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၈ နေဗုခဒ်နေဇာက နန်းစံ ခုနစ်နှစ်မှာ ဂျူး ၃,၀၂၃ ယောက်ကို ဖမ်းခေါ်သွားတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ