-
ဧဇရ ၉:၁၊ ၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ အဲဒါတွေဖြစ်ပြီးသွားတဲ့အခါ ခေါင်းဆောင်တွေက ကျွန်တော့်ဆီ လာပြီး “အစ္စရေးတွေ၊ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေက ခါနန်၊ ဟိတ္တိ၊ ဖေရဇိ၊ ယေဗုသိ၊ အမ္မုန်၊ မောဘ၊ အီဂျစ်၊+ အာမောရိစတဲ့+ ပတ်ဝန်းကျင်လူမျိုးတွေနဲ့ ကင်းကင်းရှင်းရှင်း မနေကြဘူး။ သူတို့ရဲ့ ရွံမုန်းစရာ အကျင့်ဓလေ့တွေကိုလည်း လိုက်လုပ်နေကြတယ်။+ ၂ သူတို့ရဲ့သမီးတွေကို လက်ထပ်ယူတယ်။ ကိုယ့်သားတွေနဲ့လည်း ပေးစားတယ်။+ သန့်ရှင်းတဲ့မျိုးနွယ်+ အစ္စရေးတွေက ပတ်ဝန်းကျင် လူမျိုးတွေနဲ့ ရောနှောနေကြပြီ။+ ဒီသစ္စာမဲ့တဲ့လုပ်ရပ်ကို ကျူးလွန်သူတွေထဲမှာ ခေါင်းဆောင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ အဆိုးဆုံးပါပဲ” လို့ပြောကြတယ်။
-
-
နေဟမိ ၁၃:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ အဲဒီပညတ်ကို ကြားတဲ့အခါ တိုင်းတစ်ပါးမျိုးနွယ်က ဆင်းသက်လာသူတွေကို အစ္စရေးတွေထဲကနေ ပယ်ထုတ်လိုက်ကြတယ်။+
-