-
၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါဟာ မိမိနေထိုင်ရာအရပ်နဲ့ လူမျိုးတော်ကို သနားညှာတာတဲ့အတွက် တမန်တွေလွှတ်ပြီး သူတို့ကို အမြဲသတိပေးတယ်။ ထပ်တလဲလဲ သတိပေးတယ်။ ၁၆ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင် စေလွှတ်တဲ့ တမန်တွေကို လှောင်ပြောင်တယ်။+ ကိုယ်တော့်စကားကို မထီလေးစားလုပ်ပြီး+ ပရောဖက်တွေကို ကဲ့ရဲ့တယ်။+ နောက်ဆုံး သူတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်ရတဲ့အထိ၊+ သူတို့ နာလန်မထူနိုင်တော့တဲ့အထိ ဖြစ်သွားတယ်။
-
-
ဟေရှာယ ၄၂:၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ လုယက်သူတွေလက်ထဲ ယာကုပ်ကို ဘယ်သူအပ်သလဲ။
တိုက်ခိုက်သူတွေလက်ထဲ အစ္စရေးကို ဘယ်သူအပ်သလဲ။
ငါတို့ပြစ်မှားခဲ့တဲ့အရှင် ယေဟောဝါပဲ မဟုတ်လား။
သူတို့က ဘုရားရဲ့လမ်းစဉ်အတိုင်း မလိုက်လျှောက်ဘူး။
ဘုရားရဲ့ပညတ်ကို မနာခံဘူး။+
-
-
ယေရမိ ၄၀:၂၊ ၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ ကိုယ်ရံတော်တပ်မှူးက ယေရမိကိုခေါ်ပြီး “ဒီနေရာမှာ ဒီဘေးဆိုး ကျရောက်စေမယ်လို့ မင်းရဲ့ဘုရား ယေဟောဝါ ကြိုဟောခဲ့တယ်။ ၃ မင်းတို့တစ်တွေ ယေဟောဝါရဲ့ စကားကို နာမခံဘဲ ပြစ်မှားကြတဲ့အတွက် ယေဟောဝါက ပြောထားတဲ့အတိုင်း လုပ်ခဲ့တယ်။ ဒါကြောင့် မင်းတို့ ဒီလိုအဖြစ်မျိုး ကြုံရတာ။+
-