-
၁ ရာဇဝင်ချုပ် ၉:၂၂-၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ တံခါးစောင့်တွေအဖြစ် ရွေးချယ်ခံရသူ စုစုပေါင်း ၂၁၂ ယောက် ရှိတယ်။ သူတို့က ဆွေစဉ်မျိုးဆက်စာရင်းမှာ ပါတဲ့အတိုင်း ကျေးရွာတွေမှာ နေထိုင်ရတယ်။+ ဒါဝိဒ်နဲ့ အကြားအမြင်ရသူ ရှမွေလက+ ယုံကြည်စိတ်ချရတဲ့ တာဝန်ခံတွေအဖြစ် သူတို့ကို ခန့်အပ်ခဲ့တယ်။ ၂၃ သူတို့နဲ့ သားမြေးတွေက တဲတော်ဖြစ်တဲ့ ယေဟောဝါအိမ်တော်ရဲ့ တံခါးတွေကို စောင့်ကြပ်ဖို့ တာဝန်ယူရတယ်။+ ၂၄ တံခါးစောင့်တွေက အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာစလုံးမှာ စောင့်ကြပ်ရတယ်။+ ၂၅ သူတို့ရဲ့ညီအစ်ကိုတွေကလည်း ကျေးရွာတွေကနေ မကြာမကြာ ရောက်လာပြီး ခုနစ်ရက်ကြာ ကူညီပေးရတယ်။ ၂၆ ယုံကြည်စိတ်ချရတဲ့ တာဝန်ခံ လေဝိအမျိုးသား တံခါးမှူးလေးယောက် ရှိတယ်။ ဘုရားသခင့်အိမ်တော်မှာရှိတဲ့ အခန်းတွေနဲ့ ဘဏ္ဍာတိုက်တွေကို စောင့်ကြပ်ဖို့ သူတို့ တာဝန်ယူရတယ်။+ ၂၇ ဘုရားသခင့်အိမ်တော်ပတ်လည် ကိုယ်တာဝန်ကျတဲ့နေရာမှာ တစ်ညလုံး နေရတယ်။ သူတို့ဟာ စောင့်ကြပ်ဖို့ တာဝန်ရထားသူတွေ၊ မနက်တိုင်း အိမ်တော်တံခါး ဖွင့်ပေးရတဲ့ သော့ကိုင်တွေ ဖြစ်တယ်။
-